Saturday, June 1, 2013

✿ 2013/ 01/ 01- မြန်မာ စံတော်ချိန် 00: 00 AM သို့ ဦးညွှတ်လျက် ✿


လူးကာ လှိမ့်ကာ
ပြေပြစ်စွာနှင့်
ဝင်ထွက် ပြု၏..။

မျက်လွှာကို မှိတ်
ကိုယ်တည်း ဆိတ်၍
သတိကို သိ
မြင်အောင် ကြည့်သည်..။

ထိုသတ္တဝါ-
တွားသွားခြင်း၌
ဖြစ်ရာ ပျက်ရာ
အနိစ္စသည်
နှာဖျားဝတွင်
ပါးလွှာတိုတောင်း လှပေ၏..။

 

(ခင်လေးငယ်)