Monday, November 18, 2013

“အိုဘယ့် အသင်”

တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။  ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။ 

 “အပေါ်ယံ..”

ကျွန်မ စိတ်နှလုံးအသိ၏ အဝန်းဝိုင်းထဲ၌ ထိုစကားလုံး မရှိ..။ ထိုနှင့်ခပ်ဆင်ဆင် တူနိုင်ပါသော အကြောင်းအားလည်း ကျွန်မ မပြု..။

ကောင်းကင်ယံ၌ ညိုမှိုင်းမှိုင်းတိမ်တိုက် အချို့ ဥဒဟို မျောလွင့်လျက် ရှိသည်..။ ကျွန်မ၏ နာရီအချို့ နှစ်ချီ၍ တိတ်တဆိတ် ငြိမ်ဝပ်နေသည်မှာ ရှည်ကြာခဲ့ပြီ..။

ကျွန်မသည် ကျွန်မသာဖြစ်ခြင်းကြောင့်~~ ကျွန်မသည် ကျွန်မကိုသာ မြင်အောင်ကြည့်ပါသည်..။

ကျွန်မ မဟုတ်သော အသင်သူသည် ကျွန်မအား နားလည်ရန် ကြည့်မြင်ခြင်းငှာ မဖြစ်နိုင် သကဲ့သို့.. ကျွန်မသည် အသင့်အတွက် မှား/မှန် သုံးသပ်ရန် ပုစ္စာတစ်ပုဒ်လည်း ဟုတ်မနေပါ..။

“. . . . အိုဘယ့် အသင် . . . . ”

┊  ┊  ┊  ┊     ☆
┊  ┊  ┊  ★
┊  ┊  ☆
┊  ★

ရင်၌တည်သော အရာကိုသာ လည်ချောင်းတွင် အသံအဖြစ်ပြုပါလော့..!!

ထို့နောက် ရင်နှလုံးအိမ်မှ လာသော စကားများကိုသာ အသင့်ဝန်းကျင်၌ လှိုက်လှိုက်လှဲလှဲ ဖူးပွင့်စေပါလော့..!!

အသင်သည် “အပေါ်ယံ..” များကို ဖယ်ကာ- အသင့်ကိုယ်အသင် မြင်အောင်ကြည့်ပါလော့..!!

တီးတိုးသဲ့သဲ့ ညည်းတွားမိသည်..။  ထို့နောက် နှုတ်မှဖွဖွ ရွတ်ဆိုမိပြန်၏..။

                                      (ခင်လေးငယ်) 2013/ 06/ 20

No comments: